28 C
Yangon

တောင်ကုတ်မြို့ အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ AAထံတွင် အလံဖြူထောင်လက်နက်ချ အညံ့ခံ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့အခြေစိုက် ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အလံဖြူထောင်လက်နက်ချမှုများရှိနေကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ခမရ ၃၄၆ နှင့် ခမရ ၅၄၄ တို့မှ တပ်သားများစွာသည် အလံဖြူထောင်၍ AA ထံတွင် လက်နက်ချလာကြကြောင်း၊ လတ်တလော တောင်ကုတ်မြို့ကို AA က ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“စကခ ၅ ထဲမှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ ခမရ ၃၄၆ နဲ့ ၅၄၄ က တပ်သားတွေ လက်နက်ချ အလံဖြူထောင်တာရှိတယ်။ လက်နက်မချဘဲ ဆက်တိုက်နေသူတွေလည်းရှိတယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်နေဆဲပါပဲ” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA စစ်ရုံးနှင့်နီးစပ်သော သတင်းရင်းမြစ်ထံသို့ တောင်ကုတ်မှ စစ်ကောင်စီတပ်ရင်း ၂ ခု မှ တပ်သားများစွာ အလံဖြူထောင် လက်နက်ချသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းရာ လက်ရှိအချိန်အထိ မြေပြင်သတင်းအတိအကျ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ အလံဖြူထောင် လက်နက်ချသည်ဆိုသော သတင်းများ ရရှိထားကြောင်း ပြောဆိုသည်။

ဓာတ်ပုံ – ယခုနှစ် မေလအတွင်း ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ ရာချီ၍ AA ထံတွင် လက်နက်ချ အညံ့ခံစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် မေလအတွင်း ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ ရာချီ၍ AA ထံတွင် လက်နက်ချ အညံ့ခံစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article