32 C
Yangon

ဖယ်ခုံ အခြေစိုက်ခမရ ၃၃၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၃၃၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လသားအရွယ်နှင့် ၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအ ဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့၊ ခမရ ၃၃၆ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖယ်ခုံမြို့နယ်၊ ကုန်းပေါ်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ အခြားပြည်သူ ၃ ဦးမှာလည်း ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“လက်နက်ကြီးအလုံးရေက စုစုပေါင်း ၁၅ လုံးလောက်ရှိမယ်၊ တစ်မိသားစုတည်းက လူတွေထိတာဟုတ် တယ်၊ တစ်မိသားစုတည်းဆိုတာထက် အမျိုးတွေပေါ့၊ တနေရာတည်းကို ကျလို့ အကုန်လုံးကိုထိပြီး တော့သေသွားတာ၊ မနေ့က ညနေပိုင်းကနေ နောက်တစ်နေ့မနက်အထိ ပစ်နေတုန်းပဲ၊ ထိခိုက်ဒဏ် ရာတဲ့ ပြည်သူတွေလည်းရှိတယ်။ နေအိမ်ကတော့ ၄ လုံးလောက်ပျက်စီးသွားတယ်” ဟု ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို လေကြာင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံ အများအပြားပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ပွဲများနှင့်လွတ်ကင်းရာနေရာများကို တိမ်း ရှောင်နေသည့် ပြည်သူ များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့်အပေါ် ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article