26 C
Yangon

မြိတ်နှင့် တနင်္သာရီ မြို့နယ်အစပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

မြိတ်နှင့် တနင်္သာရီ မြို့နယ်အစပ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်နှင့် တနင်္သာရီ မြို့နယ် အစပ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ၊ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ အင်အား ၉ ဦးခန့်ဖြင့် ကင်းလှည့်ရန် ခြေလျင်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မြိတ်နှင့်တနင်္သာရီ နယ်ခြား မှတ်တိုင်အရောက်တွင် တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ မြိတ်မြို့နယ်ဘက်ကို အကြမ်းဖက် စစ်သား ၁၁ ဦး လမ်းကင်းထွက်လာစဉ် နယ်ခြားမှတ်တိုင်အနီးတွင် တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ မှ တော်လှန်ရေး ရဲဘော်များက ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ၁၀ မိနစ်ခန့် ပြုလုပ်ခဲ့ပြီး သေဆုံးသွားသော စစ်သားအလောင်းများကို ခမရ ၅၅၆ ဇဝဲတပ်ရင်းဘက်ကို ကားဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

“၂ ရက်ပေါင်း တိုက်ခိုက်မှုက စစ်ခွေး ၅ ကောင်သေတယ်။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်ကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – တနင်္သာရီမြို့နယ်အတွင်းရှိ စစ်မြေပြင်တွင်‌ ရောက်ရှိနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article