ရန်ကုန်၊ နိုဝင်ဘာ ၂၉
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ထံ သတင်းပေးနေသည့် ပျူစောထီး သင်တန်းဆင်း နေထက်လင်း ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေး နေထက်လင်းကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁) Dragon Brothers (GBK – PDF) မှ တော်လှန်ရေး ရဲဘော်များက ၎င်း၏ နေအိမ်၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော နေထက်လင်း အပါအဝင် ညီအစ်ကို ၃ ဦးလုံးသည် ပျူစောထီး သင်တန်းဆင်းများဖြစ်ပြီး အလတ်ဖြစ်သူ နေထက်လင်းက နှီးရောင်းသမား အသွင်ဖြင့် အကြမ်းဖက် စစ်တပ်ထံ သတင်း ပေးဆောင်ရွက်ကာ စကစစစ်ကြောင်းထွက်ချိန်တွင် အရှေ့မှ ဆိုင်ကယ်ဖြင့် ကင်းထောက်လုပ်ငန်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။
နေထက်လင်းသည် ကုန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ စိုးမင်းနိုင်နှင့်လည်း အမျိုးတော်စပ်သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ အဓိက ဒေါက်တိုင်ဖြစ်ကြောင်း၊ ၎င်းထံမှလည်း အကြမ်းဖက် စစ်တပ်နှင့် ဆက်သွယ်ထားသော မိုဘိုင်းဖုန်း ၁ လုံးနှင့် ငွေသားများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“သူ့ကို နေအိမ်မှာပဲ သေနတ်နဲ့ ၆ ချက်ပစ် တိုက်ခိုက်ခဲ့တာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ သူက စစ်ခွေးတွေ ရိုးမပေါ် စစ်ကြောင်းမထိုးခင် ကင်းထောက်ပြီး လမ်းကြောင်းကြည့်ပေးတာတွေ လုပ်ဆောင်ပေးနေတဲ့သူပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar