28 C
Yangon

ထိုင်းငါးဖမ်းလှေ ၃ စင်းကို မြန်မာ စစ်သင်္ဘောက ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၁ ဦးသေဆုံးပြီး သင်္ဘောသား ၃၁ ဦးကို ဖမ်းဆီးသွား၊ ထိုင်းအစိုးရက တရားဝင်ကန့်ကွက်ပြီး ဖမ်းဆီးထားသူများ လွတ်မြောက်ရေး ကြိုးပမ်းနေ

Must read

ထိုင်းငါးဖမ်းလှေ ၃ စင်းကို မြန်မာ စစ်သင်္ဘောက ပစ်ခတ်မှု ထိုင်းနိုင်ငံသား ၁ ဦးသေဆုံးပြီး သင်္ဘောသား ၃၁ ဦးကို ဖမ်းဆီးသွား၊ ထိုင်းအစိုးရက တရားဝင်ကန့်ကွက်ပြီး ဖမ်းဆီးထားသူများ လွတ်မြောက်ရေး ကြိုးပမ်းနေ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ထိုင်းရေပိုက်နက်အတွင်း ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေကို မြန်မာစစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်ရာမှ ထိုင်းနိုင်ငံသား ၁ ဦးသေဆုံးပြီး သင်္ဘောသား ၃၁ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ထိုင်း The Nation က သတင်းဖော်ပြသည်။

ယနေ့ နံနက်အစောပိုင်း ထိုင်းရေပိုင်နက်အတွင်း သွားလာနေသော ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို မြန်မာစစ်သင်္ဘောတစ်စီးက ပစ်ခတ်ခဲ့ရာ သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ လတ်တလော သတင်းများအရ မြန်မာစစ်တပ်က ထိုင်းငါးဖမ်းစက်လှေနှစ်စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားကြောင်း၊ သင်္ဘောသား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ထိုင်းကင်းလှည့်ရေယာဉ်က အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ရနောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးကုသပေးလျက်ရှိကြောင်း၊ ထိုင်းငါးဖမ်းလှေမှ သင်္ဘောသားတချို့က သင်္ဘောပေါ်မှ ခုန်ချလွတ်မြောက်ခဲ့ကြောင်း၊ တစ်ဦးမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ ငါးဖမ်းသင်္ဘောမှ ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦး မြန်မာစစ်တပ်၏ စစ်သင်္ဘောက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ထိုင်း အာဏာပိုင်များက ထိုင်းရေပိုင်နက်အတွင်း မြန်မာကင်းလှည့်ရေယာဉ်က ကျူးကျော်ဝင်ရောက်မှုနှင့် နောက်ဆက်တွဲ ထိုင်းလှေများကို ဖမ်းဆီးသွားခြင်းကို တရားဝင် ကန့်ကွက်ထားကြောင်း၊ ဖမ်းဆီးခံထားရသော ငါးဖမ်းသမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article