27 C
Yangon

ဟားခါးမြို့ ကာကင်းစစ်ခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ဟားခါးမြို့ ကာကင်းစစ်ခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ချင်းပြည်နယ်၊ ဟားခါးမြို့ကို ကာကွယ်ထားသည့်စစ်တပ် တပ်စခန်းကို CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦး သေဆုံးကာ စစ်သား ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ ကာကင်းစခန်းကို CNA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စခန်းတွင် ဟုမ္မလင်း အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက လာရောက် တပ်စွဲထားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ခလရ ၂၂၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၉ ဦးကို လက်ရ အရှင်ဖမ်းဆီးရရှိကြောင်း၊ လက်နက်ကြီးများ အပါအဝင် လက်နက် ၃၅ လက်ကို ခဲယမ်းများနှင့်တကွ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

” အဲဒိစခန်းက ဟားခါးမြို့ရဲ့ ကာကင်း စစ်စခန်းဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က သိမ်းပိုက်ရရှိတာပါ။ အဲဒီမှာ တပ်ရင်းမှူး သေပါတယ်။ ဗိုလ်ကြီးနဲ့ ရဲမှူးလည်း သေပါတယ်” ဟု CNA သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၁၉ ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ အနီးအနားဝန်းကျင်ကို နယ်မြေရှင်းလင်းရေး ချင်းတော်လှန်ရေးတပ်များက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article