28 C
Yangon

မြိုင်၊ ကန်နီပျူစောထီးရွာမှ မြေပဲခင်းထွက်ရိတ်သည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

မြိုင်၊ ကန်နီပျူစောထီးရွာမှ မြေပဲခင်းထွက်ရိတ်သည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ မြေပဲခင်းထွက်ရိတ်သည့် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံးခဲ့ကြောင်း ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြေပဲခင်း ထွက်ရိတ်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျေးရွာ အနောက်တောင်ဘက်မှာ ပြည်သူပိုင် မြေပဲခင်းကို မြေပဲခင်းပိုင်ရှင်က ရွာမှာ မနေတော့ဘူးလေ အဲမြေပင်ခင်းကို ပျူစောထီးတွေက ဝင်ဖော်တာပေါ့။ အဲမှာ လက်နက်ကိုင်ထားတဲ့ စစ်ခွေး ၈ ကောင်ကို အစောင့် ခေါ်ပြီး ပျူစောထီး ၂၀ လောက်က မြေပဲရိတ်တဲ့ အချိန် စောင့်ပြီး ဝင်ပစ်တာပေါ့။ အားလုံးပေါင်း ပျူခွေး ၃ ကောင်သေတယ်။ ဒဏ်ရာရတာ ၅ ကောင်ပေါ့။ အလောင်းတွေကော ဒဏ်ရာရတဲ့ ကောင်တွေကော အကုန်ပြန်ဆွဲပြီး ခေါ်သွားတယ်” ဟု ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း တပ်ခွဲ ၁ ၊တပ်ရင်း ၆ ၊ တပ်ရင်း ၇ နှင့် ကိုရဲ ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဗစ်တာပြောက်ကျားတပ်ဖွဲ့က ကာကင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article