34 C
Yangon

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများပြား

Must read

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများပြား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှာ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုများပြားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား အင်အား ၄၀ ခန့်ပါ စစ်ကြောင်းကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့နှင့် ဂန့်ဂေါ မြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်း စစ်ကြောင်းကို ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၁ တပ်ရင်း၊ အမှတ် ၁၂ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်းနှင့် အမှတ် ၁၉ တပ်ရင်းများ တို့ကလည်း ပူးပေါင်းပြီး တိုက်မိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း၊ အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၈၁ မမ လက်နက်ကြီး၊ ဒရုန်းများအပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဓိကတော့ သူတို့ မိုင်းမိတာနဲ့ ဒရုန်းမှတ်တမ်းမှာပါတဲ့ ဗီဒီယို အရဆိုရင် သူတို့ ပြင်းထန် ထိခိုက်ဒဏ်ရာရခဲ့တာ စစ်ခွေး အသေအ‌ပျောက်စာရင်းတော့ မသိရဘူး။ ဒီတစ်ခေါက် စစ်ကြောင်းမှာတော့ သူတို့ဘက်က ပြည်သူတွေ ရှိတဲ့နေရာကို ရောက်တာမျိုးတော့မရှိဘူး။ သူတို့ရဲ့ မြောက်ခင်ရန်းနဲ့ သူတို့ ကာကင်းနဲ့ မလှမ်းမကမ်း နေရာလောက်ကို စစ်ကြောင်းထိုးဖို့အတွက် နယ်မြေရှင်းလင်းတဲ့ သဘောမျိုးထင်တယ်။ မိုင်းကြိုရှင်းတာလား။ နယ်မြေရှင်းတာလား။ ကင်းပုန်းဝပ်တာလား အဲလိုမျိုး အခြေအနေနဲ့ ထွက်လာတာပါ။ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာကိုတော့ ရောက်လာမျိုးတော့မရှိဘူး။ သူတို့ ပြန်သွားတဲ့ အချိန်မှာ သူတို့ဂိတ်ပတ်ဝန်းကျင်ရောက်တဲ့ အချိန်မှာ ကျွန်တော်တို့ Fixed Wing ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ရှိတဲ့ နေရာတွေ ကပ်ကျတာဆိုတော့ သူတို့ ထိခိုက်မှု ရှိမှာတော့ လုံးဝသေချတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article