18 C
Yangon

ရွှေပြည်သာတွင် နေထိုင်သော ရဲမှူး မိုးညို ၏ နေအိမ်ကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ၎င်းပိုင် ဟွန်ဒါဖစ် အိမ်စီးကား မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်တွင် နေထိုင်သော စစ်ကောင်စီလက်အောက်ခံ ရဲမှူး မိုးညို၏ နေအိမ်ကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲမှူးမိုးညို စီးနင်းနေသော ဟွန်ဒါဖစ် အိမ်စီးကား မီးလောင် ပြာကျသွားကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် The Grand Unsung နှင့် Black Tiger Team တို့ ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ ၁၃ ရပ်ကွက်တွင် နေထိုင်သော ရဲမှူး မိုးညို၏ နေအိမ်တွင် ရဲမှူး မိုးညို နှင့်အပေါင်းအပါများ ရှိနေချိန် ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲမှူး မိုးညိုပိုင် ဟွန်ဒါဖစ် အိမ်စီးကားမှာ မီးလောင်ကျွမ်းပြာကျသွားကြောင်း သိရှိရသည်။

“မနေ့ညနေ ၆ ခွဲ လောက်က ၁၃ ရပ်ကွက်ထဲမှာ ပေါက်ကွဲမှုဖြစ်တာ မှန်ကန်ပါတယ်။ ပေါက်ကွဲသံ အကျယ်ကြီး ထွက်လာပြီးတော့ လမ်းတွေ ပိတ်ခံရတယ်။ ဆိုင်ကယ်တွေနဲ့ တက္ကစီတွေ အစစ်ခံရတာရှိတယ်။ ဘယ်မှာ ပေါက်ကွဲမှုဖြစ်တာလဲတော့ မသိပါဘူး” ဟု ရွှေပြည်သာမြို့နယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့ ပြ ပြောက်ကျားတပ်ဖွဲ့မှာ တာဝန်ရှိသူက နောက်နောင်တွင်လည်း ပြည်သူများကို မတရားခြိမ်းခြောက်အနိုင်ကျင့်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်အကြီးစားများ နှင့် စစ်ကောင်စီလက်အောက်ခံများ ၊ အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင့် သတိပေးချက်ထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article