ရန်ကုန်၊ ဒီဇင်ဘာ ၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချို ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း TarTay Pku အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် Y12 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဂွေးချို ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက တာဝေးပစ် ရော့ကတ် ၁၀ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း စစ်သား ၅ နှင့် ပျူစောထီး ၂ ဦး သေဆုံးပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ညနေ ၅ နာရီခန့်တွင် ၆၀ မမ လက်နက်ကြီး ၅ လုံး ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ဂွေးချိုပျူစောထီးရွာကို တာဝေးပစ် ရော့ကတ် ၁၀ လုံးနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီး ၂ ကောင်နဲ့ စစ်ခွေး ၅ ကောင်သေဆုံးတယ်။ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရတယ်။ စစ်ခွေးတွေ ဘက်ကလည်း ညနေ ၅ နာရီခန့်မှာ ၆၀ မမ လက်နက်ကြီး ၅ လုံး ရမ်းသမ်းပစ်ခတ်ခဲ့တယ်” ဟု TarTay Pku အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Y 12 က ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် ရဲစခန်းမှ ကင်းလှည့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Chaung U People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် ချောင်းဦးမြို့ပေါ်ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးခန့်ကို တမာမြိုင်ရပ်ကွက် သုံးဆူဘုရားနှင့် လေးဆူဘုရား အနီးတွင် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၃ မှ ဒုခွဲမှုးဦးဆောင်၍ ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၃ ဦးသည် ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar