18 C
Yangon

ရွှေဘိုထောင်တွင် အကျဉ်းသားများ ဧည့်တွေ့ခွင့်အတွက် နာရီဝက်လျှင် ငွေကျပ် ၃ သိန်းနှုန်း အကျဉ်းဦးစီးဌာနက တောင်းယူနေပြီး နိုင်ငံရေးအကျဉ်းသားများအားလုံး မိသားစုနှင့် ဧည့်တွေ့ခွင့်မရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင် ဧည့်တွေ့ခွင့်ကို လုံခြံရေးအကြောင်း ပြ ကာ ပိတ်ပင်ထားခဲ့သော်လည်း ထောင်ပိုင်က နာရီဝက်လျှင် ၃ သိန်းကျပ် တောင်း၍ ဧည့်တွေ့ခွင့်ပေးနေကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဧည့်တွေ့ခွင့်မပေးဘဲ ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ကာ ဧည့်တွေ့ခွင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ရွှေဘိုထောင် တာဝန်ခံ ထောင်ပိုင် အောင်လွင်က အကျဉ်းသားတွေ့ခွင့်ကို ဈေးကွက်အဖြစ် ဖော်ဆောင်နေကြောင်း ၊ အကျဉ်းသား ဧည့်တွေ့ခွင့်ဖြစ် နာရီဝက်လျှင် ကျပ် ၃ သိန်းတောင်းကာ အကျဉ်းသားများကို ခေါင်းပုံဖြတ် လာဘ်စားနေကြောင်း၊ သတ်မှတ်ငွေတန်ဖိုး မပေးနိုင်သည့် မိသားစုဝင်များမှာ ဧည့်တွေ့ခွင့် ဆုံးရှုံးနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

“ရွှေဘိုထောင်အာဏာပိုင်တွေအနေနဲ့ ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပေးတဲ့အပေါ်မှာ သူ့ရဲ့အာဏာကို အသုံးပြုပြီးမှ ကိုယ်ကျိုးစီးပွားရှာဖွေနေတာ ဖြစ်ပါတယ်။ နာရီဝက်ကို မြန်မာကျပ်ငွေ ၃ သိန်းလောက် တောင်းခံပြီးမှသာ မျက်ရည်စာ အပူစာတွေကို ရှာဖွေစားသောက်လျက်ရှိတာကို ကျွန်တော်တို့ ပြည်သူတွေကို အသိပေးချင်တာ ဖြစ်တဲ့အတွက် အခုလို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်ထဲမှာ အထူးသဖြင့် ရွှေဘိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားဖြစ်လို့ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်မပေးတာကို ရင်ဆိုင်နေကြရပါတယ်။ ဒီနှစ် ဇွန်လကနေ စပြီးတော့ ၆ လတာကာလအတွင်းမှာ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ကို ယနေ့အချိန်အထိ ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို တန်းတူပေးဖို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ တောင်းဆိုလိုပါတယ်။ ဒီ ထောင်ဝင်စာဧည့်တွေ့ခွင့်ဟာ တစ်နိုင်ငံလုံးအနေအထားနဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာမှာ ထုတ်ပြန်တာဖြစ်တဲ့အတွက် ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အားလုံးဟာလည်း ဒီအခွင့်အရေးကို တန်းတူရရှိသင့်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အကျဉ်းထောင်အားလုံးတွင် အကျဉ်းသားများ ဧည့်တွေ့ခွင့်ကို ၂၀၂၃ ခုနှစ် အောက် တိုဘာလမှ စ၍ ခွင့်ပြုပေးခဲ့သော်လည်း ရွှေဘိုအကျဉ်းထောင်မှာမူ လုံခြုံရေးအကြောင်းပြကာ အကျဉ်းသားများနှင့် မိသားစုဝင်များကို ဧည့်တွေ့ခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ရွှေဘိုထောင်ရှိ အကျဉ်းသားများမှ မိသားစုဝင်များနှင့် တွေ့ခွင့်မရသည်မှာ ၂၀၂၄ ခုနှစ် ဇွန်လမှ ယခု ဒီဇင်ဘာလအထိ လုံခြုံရေးအကြောင်းပြ ပိတ်ပင်ခဲ့ကြောင်း၊ သို့သော်လည်း ပိုက်ဆံ တတ်နိုင်သည့် အကျဉ်းသားများကိုမူ နာရီဝက်လျှင် ၃ သိန်းဖြင့် ဧည့်တွေ့ခွင့်ပြုနေကြောင်း၊ ဧည့်တွေ့ခွင့်သည် အကျဉ်းသားများ၏ အခြေခံရပိုင်ခွင့်ဖြစ်၍ အကျဉ်းသားအားလုံး တန်းတူရဖို့ တောင်းဆိုလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဓာတ်ပုံ – အကျဉ်းဦးစီးဌာနဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကျဉ်းဦးစီးဌာနဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article