31 C
Yangon

စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သော တောင်ကိုရီးယားသမ္မတ အရှုံးပေးရပြီ၊ စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

တောင်ကိုရီးယားတွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့သော တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ၎င်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည် ရုပ် သိမ်းမည်ဖြစ်ကြောင်ကြေညာလိုက်သည်။

တောင်ကိုရီးယားသမ္မတက ၎င်းအနေဖြင့် တောင်ကိုရီးယားပါလီမန်၏ ဆုံး ဖြတ်ချက်ကို လက်ခံမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်း အစိုးရအဖွဲ့အစည်း ခေါ်ယူကာ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုသည်။

တောင်ကိုရီးယားသမ္မတက ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တောင်ကိုရီးယားပါလီမန်က သမ္မတ၏ အမိန့်ကို လွှတ်တော်၏ ထောက်ခံဆန္ဒမဲများဖြင့် ပြန်လည် ပယ်ဖျက်လိုက်ကြောင်း၊ ယင်းနောက် ၆ နာရီအကြာတွင် စစ်အုပ်ချုပ်ရေးပြန်လည် ရုပ်သိမ်းပါမည်ဟု တောင်ကိုရီးယားသမ္မတက ပြောဆိုကြေညာလာရခြင်း ဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်တွင် လက်ရှိ အာဏာရပါတီမှ အမတ်များကပါ အတိုက်အခံပါတီ လွှတ်တော်အမတ်များနှင့်ပူးပေါင်း၍ လက်ရှိ သမ္မတ၏ စစ်အုပ်ချုပ်ရေး အမိန့်ကို အာခံ ပယ်ဖျက်ခဲ့ကြခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article