24 C
Yangon

တောင်ကိုရီးယား အစိုးရအဖွဲ့အစည်းအဝေးက သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြု၊ သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှု ၆ နာရီအကြာတွင် အဆုံးသတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

တောင်ကိုရီးယား အစိုးရအဖွဲ့အစည်းအဝေးက သမ္မတ၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြုလိုက်သဖြင့် သမ္မတ၏ စစ်အုပ်ချုပ်ရေး ကြေညာမှု ၆ နာရီအတွင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း CNN သတင်းတစ်ရပ်အရ သိရှိရသည်။

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် အတည်ပြုလိုက်ခြင်းဖြစ်ပြီး သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပေးမည်ဟု ကြေညာပြီးနောက် ချက်ချင်းပင် ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတက သူ့အပေါ် စွပ်စွဲပြစ်တင်ဖြုတ်ချရန် ကြိုးပမ်းမှုများကို ချက်ချင်းရပ်တန့်ရန်၊ ဥပဒေပြုရေးတွင် စိုးမိုးခြယ်လှယ်မှုများ၊ နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးမှုများ ရပ်တန့်ရန်၊ နိုင်ငံတော်ဘတ်ဂျက် လျှော့ချမှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုထားသည်။

တောင်ကိုရီးယား ပြည်သူများက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော လက်ရှိ သမ္မတကို လွှတ်တော်မှတစ်ဆင့် စွပ်စွဲ​ ပြစ်တင် ဖြုတ်ချရန် ပါလီမန် အဆောက်အအုံရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြသည်။

“Yoon Suk Yeol ကို ဖမ်း” ၊ ” Yoon Suk Yeol ကို ဖြုတ်ချကြ” ဟု တောင်ကိုရီးယားပြည်သူများက ပါလီမန်ရှေ့တွင် ဆန္ဒပြ ကြွေးကြော်နေကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article