32 C
Yangon

Breaking News – ဗန်းမော်မြို့နယ်ရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်ကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၄၇ တပ်ရင်းဌာနချုပ်ကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA နှင့်မဟာမိတ်တပ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခလရ ၄၇ တပ်ရင်းစခန်းဌာနချုပ်ကို ယနေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

“ဗန်းမော်မြို့အပြင် ဗန်းမော်မြို့နဲ့ မံစီမြို့အကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်းစခန်းဌာနချုပ်ကို ဒီမနက်မှာပဲ သိမ်းပိုက်လိုက်ပါပြီ။ ဗန်းမော်မြို့နဲ့ မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို KIA နဲ့ PDF မဟာမိတ်တပ်တွေအားလုံးက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေပါပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော KIA ဦးဆောင်သော တော်လှန်ရေး မဟာမိတ်တပ်များက ဗန်းမော်မြို့တစ်ခုကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည့်အပြင် မံစီမြို့ရှိ ကျန်ရှိနေသော ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်းဌာနချုပ် ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများကို ဆက်တိုက် ဆင်နွှဲလျက်ရှိကာ KIA တပ်များနှင့်အတူ PDF တပ်များ၊ မဟာမိတ် တော်လှန်ရေးတပ်များအားလုံး ပါဝင်တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article