20 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်က တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့အတွက် စစ်ကူသွားမယ့် အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ရခိုင်ပြည်နယ်အစပ်က မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာ တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးထက် မနည်းကတော့ အသီးသီး သေကုန်ကြပြန်တဲ့အပြင် ၊ စစ်ကား ၂ စီးပါ ပျက်ဆီးသွားပြီး လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ မကွေး-PRA တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ််သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်က ဗန်းမော်နဲ့ မံစီမြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေတဲ့ KIA-PDF ပူးပေါင်းတပ်တွေဟာ တစ်ဖက်မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ မြစ်ကြီးနားလေတပ်စခန်းကိုပါ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းနဲ့ စစ်တပ်သတင်းရင်းမြစ်က ပြောထားပါတယ်။
  • မကွေးတိုင်းက စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး ကိုယ်အဂ်ါတွေ အစိတ်အပိုင်းတွေ ဖြတ်တောက်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံ ဦးစံ ဆိုတဲ့သူကို အမျိုးသား ညီညွတ်ရေးအစိုးရ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ဦးစီးခုံရုံးအဖွဲ့နဲ့ ဥပဒေရုံးအဖွဲ့ကနေ သေဒဏ်ချမှတ် လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article