30 C
Yangon

ထိုင်းတွင် အလုပ်ဗီဇာ သက်တမ်းတိုးမည့် အလုပ်သမားများကို စလစ်ကြေး ၁၈၀၀ ဘတ် ပေးရန်မလိုဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးထုတ်ပြန်ချက် ယုံကြည်ရန် ခက်ခဲနေဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားများ တုံ့ပြန်ပြောဆို

Must read

ထိုင်းတွင် အလုပ်ဗီဇာ သက်တမ်းတိုးမည့် အလုပ်သမားများကို စလစ်ကြေး ၁၈၀၀ ဘတ် ပေးရန်မလိုဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးထုတ်ပြန်ချက် ယုံကြည်ရန် ခက်ခဲနေဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားများ တုံ့ပြန်ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် သက်တမ်းတိုးရာတွင် ပွဲစားများ တောင်းခံနေသည့် မြန်မာသံရုံးသို့ ပေးရမည့် စလစ်ကြေး ၁၈၀၀ ဘတ်ကို ပေးရန်မလိုဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးထုတ်ပြန်ချက် ယုံကြည်ရန် ခက်ခဲနေကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးသည် လတ်တလော ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးလိုသူများအတွက် ပွဲစားများ၏ ငွေတောင်းခံမှုတွင် မြန်မာသံရုံးကို ပေးရမည့် စလစ်ကြေးဟူ၍ ၁၈၀၀ ဘတ် ထည့်သွင်း တောင်းခံမှုကို ငြင်းဆိုထားခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်သည်ဟု ဖော်ပြထားပြီး အခွန် ၂ ရာခိုင်နှုန်းကိုမူ သီးသန့်မကောက်တော့ဘဲ ဘန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းပြေစာပြမှာသာ စာအုပ်ရမည်ဟု ထုတ်ပြန်ထားသည်။

” အရင်က သက်တမ်းတိုးမယ့်လူတွေဆီက အခွန်ကောက်မယ်ဆိုပြီး လုပ်တာကနေ ခုမကောက်တော့ဘူးဖြစ်တာ ။ မပေးရဘူးဆိုတာ ကောင်းပေမယ့် သိပ်ယုံရတာလည်း မဟုတ်ဘူးလေ စောင့်ကြည့်ရမှာပဲ။ name list ကြေး ၁၈၀၀ မတောင်းဘူးလို့ ထုတ်လိုက်တော့ ပွဲစားတွေကိုတော့ ပြန်ပြောလို့ရသွားပြီ “ဟု ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား တစ်ဦးက ပြောကြားသည်။

အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံ၏ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဟု ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article