26 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပိုဝမြောက်ရွာနှင့်ဆင်ကုန်းရွာကို မီးရှို့ဖျက်ဆီးနေ

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပိုဝမြောက်ရွာနှင့်ဆင်ကုန်းရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပိုဝမြောက်ရွာနှင့်ဆင်ကုန်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပိုဝမြောက်ရွာနှင့် ဆင်ကုန်းရွာတို့ကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ် အရေအတွက်နှင့် ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ပြည်သူများ ဖမ်းဆီးခံရမှုနှင့် ထိခိုက်မှု အခြေအနေကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာအနီးအနားတွင်ရှိနေပြီး ပြည်သူများ အားလုံး ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။

“မတ္တရာ မြို့နယ် အနောက်ဘက်ခြမ်း ပိုဝမြောက်ရွာနဲ့ ဆင်ကုန်းရွာတို့ကို ဒီနေ့ နံနက် ၁၁ နာရီ အချိန်လောက်ကစပြီး အခုချိန်ထိ မီးတင်ရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article