ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်၊အမ်းမြို့နယ်ရှိ စစ်သားတွေနဲ့ တပ်မိသားစုတွေ ပိတ်မိနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကျဲချနေတယ်လို့ AA သတင်းရင်းမြစ်နဲ့ တပ်သတင်းရင်းမြစ် တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့တဲ့ မန္တလာစိုးမြင့်က မန္တလေး၊ ပြင်ဦးလွင် နဲ့ ရန်ကုန်တို့မှာ စစ်တပ်နဲ့ ပူးပေါင်းပြီး ပုဂ္ဂလိကဆေးရုံသစ်တွေ ထပ်မံဖွင့်လှစ်နေတယ်လို့ စီးပွားရေးနဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
- နေပြည်တော်နဲ့ ရန်ကုန်မှာ စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူငယ် ၅၀ ကျော်ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar