Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင် တက်မယ့် ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲနဲ့ပန်းပွဲတော် လုံခြုံရေးအတွက်ဆိုပြီး ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အဝတ်ပါ ချွတ်ခိုင်းပြီး စစ်ဆေး နေတဲ့အပြင် ၊ ၊ ဗိုက်ကြီးသည်ဆို ဗိုက်ကိုပါ လှန်ပြခိုင်းပြီး ကန်တော်ကြီး ဥယျာဉ်ကိုလည်း အများပြည်သူတွေ လာရောက်ခွင့် ပိတ်ပင်ထားပြန်တယ်လို့ ပြင်ဦးလွင်ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆဆွဲဖမ်းဆီးငွေညှစ်တောင်းယမ်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး အဖွဲ့တွေဟာ ပေါ်တာဆွဲလို့ရတဲ့ ဆက်ကြေးငွေတွေကို ဝေစုခွဲရာကနေ အချင်းချင်းရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော်ဆိုသူဟာ သံတုတ်နဲ့ ရိုက်သတ်ခံလိုက်ရတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ စစ်မှုထမ်းတပ်သားသစ်အတွက်ဆိုပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေကို နေ့လည်ပိုင်းတွေမှာပါ ပေါ်ပေါ်ထင်ထင် လုပ်လာနေပြီလို့ ဒေဿခံပြည်သူတွေကပြောဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။