30 C
Yangon

ရေတာရှည်နှင့် လက်ပံတန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ရေတာရှည်နှင့် လက်ပံတန်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ပိတောက်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်က ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ၌ အထိုင်ချတပ်စွဲထား သော အကြမ်း ဖက်စစ်သား အင်အား ၁၀၀ ခန့်သည် ပိတောက်ကုန်းကျေးရွာဘက်သို့ စစ် ကြောင်း ထိုလာခဲ့သဖြင့် အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မိုင်းဆွဲ လက်နက်ကြီး များဖြင့် လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၉၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်က အထိနာကာ ပြန်ဆုတ်သွားပြီးနောက် ညနေ ၆ နာရီ ခန့်တွင် ထပ်မံ စစ်ကြောင်းထိုးလာခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအပြီး အကြမ်းဖက်စစ်သားများက ပြန်လည် ဆုတ်ခွာခြင်းမပြု‌သဖြင့် ပိတောက်ကုန်း ကျေးရွာထဲတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် တစ်ညလုံး စစ်ဆိုင်ထားခဲ့ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှလည်း အကြမ်းဖက်စစ်သားများ နေရာယူထားသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီခန့်တွင် ရှေ့ဆက် တိုးလာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်သားများ အထိ နာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၃၅၀၂ ကီးကူစစ်ကြောင်းနှင့် တော်ဝင်လျှပ်စီး (RTC) စစ် ကြောင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိအခိုက်အကျဆုံးများစွာဖြင့် ရှေ့ဆက် မတိုးနိုင်ပဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ပတ်ဝန်း ကျင်ကျေးရွာမှ ပြည်သူများလည်း နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိတွင် ထပ်မံ စစ်ကြောင်းထိုးလာနိုင်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက် နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖြန့်နေရာယူထားပြီး အသင့်အနေအထားစောင့်ဆိုင်း နေသဖြင့် မိဘပြည်သူများအနေဖြင့်လည်း အထူးဂရုစိုက်နေထိုင်ပေးကြပါရန် စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်တွန်းထားသည်။

ထို့ပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပခူးရိုးမ တောင်ခြေ ထန်းတော ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ်ဘက်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများကို လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေ ထန်းတောကျေးရွာ အနီးအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေ ဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၈ ရက်နေ့တွင်အကြမ်းဖက်စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ၍ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

“မင်းလှဘက်ကနေ တက်လာတာ၊ ၇ နေ့မှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတယ်၊ ၈ ရက်‌နေ့ကျတော့ ပြန်တက်လာတယ်၊ အင်အားက ၁၀၀ လောက်ရှိနိုင်တယ်၊ ၈ ရက်နေ့တက်လာတဲ့စစ်ကြောင်းနဲ့ ကျ နော်တို့ ရဲဘော်လေးတစ်ယောက် ထိပ်တိုက်တိုးပြီး အဖမ်းခံလိုက်ရတာ၊ ၉ ရက်နေ့မှာ သတ်ပစ် လိုက်ကြတယ်၊ အဲဒီစစ်ကြောင်းကို တပ်ဖွဲ့က လိုက်လံရှင်းလင်းနေတုန်းပါပဲ။” ဟု ရွှေတန်းမြေပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်ခြင်း ခံရသူ ရဲဘော်တစ်ဦးနှင့် အတူ M 16 အမျိုး အစားသေနတ် ၁ လက်၊ ကျည် အတောင့် ၁၅၀ ၊ ဗုံးသီး ၁ လုံးတို့ ဆုံးရှုံခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article