31 C
Yangon

မြင်းခြံမြို့ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

မြင်းခြံမြို့ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော လယ်သစ်ရွာမှ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် မြင်းခြံမြို့ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာစဉ် Freedom Fighter Guerrilla Force နှင့် မဟာမိတ်တပ်ဖွဲ့များက ၆၀ မမ နှင့် ၄၀ မမ လက်နက်ကြီးများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က ၁၃ရက်နေ့မှာ ကျွန်တော်တို့ လယ်သစ်ကနေပြီးတော့ ဒီမြင်းခြံမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ရွာပေါ့။ ခင်မခံ၊ မြောက်ကုန်း၊ တဲရွာ အဲဒီကျော်ကို အင်အား ၇၀ ခန့် စစ်ကြောင်းလာတယ်။ အရင်လိုပဲ ဒီကောင်တွေ ငတ်ရင်ရွာထဲက ပြည်သူတွေဆီက ပိုက်ဆံရရင် ပိုက်ဆံ ပိုက်ဆံမရရင် စားစရာ ဆိုင်ကယ် ဖုန်း အကုန်ကို ယူတာ အဲဒီလိုပဲ လာတဲ့အချိန်မှာ ကျွန်တော်တို့ အဲဒီမှာ အဖွဲတစ်ဖွဲ့ 8 Stars အဖွဲ့ လှမ်းပြီး အကူအညီ တောင်းတဲ့အတွက် ကျွန်တော်တို့က လက်နက်ကြီးပစ်ကူတွေနဲ့ သွားတယ်။ ပြီးရင် LACR ရယ် မြို့နယ် ပကဖ အပါအဝင်ပေါ့ တစ်ခြား မဟာမိတ် အဖွဲ့တွေနဲ့ပေါ့။ ဒီစစ်ကြောင်းကို ကာပြီးတော့ ခုခံခဲ့တာပေါ့။ ဒီကောင်တွေ လက်နက်ကြီး ရမ်းပစ်ပြီးတော့ ပြန်ပြီးတော့ ဆုတ်သွားတယ်။ လက်နက်ကြီးပစ်တော့။ ဒီရွာအခြေမှာရှိတဲ့ ကလေးငယ် တစ်ဦးကို လက်နက်ကြီးထိတယ်။ ဒါပေမယ် အခုတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်တော့ဘူး” ဟု Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး လယ်သစ်ရွာအတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။

” စစ်ခွေးတွေက ဒီစစ်ကြောင်းကတော့ မနေ့က လာသွားတဲ့ဟာကတော့ လက်နက်ကြီး လက်နက်ငယ်တွေပဲ ရမ်းသန်းပြီး၊ သူတို့ ပတ်ပတ်လည်လည် လျှောက်ပစ်တယ်။ လျှောက်ပစ်ပြီးတော့ ဆုတ်ပစ်သွားတာပေါ့။ အရင်တုန်းကတော့ အရင်စစ်ကြောင်းလာရင်တော့ ပြည်သူတွေကို လူသားဒိုင်လုပ်တယ် ဓားစာခံလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သူတို့ပြန်ပြီးတော့ ပစ်လို့မရတော့ဘူး။ အဲဒီလို အနေထားတွေရှိတယ်ပေါ့။ အခုကတော့ သူတို့က ရွာထဲမဝင်ခင် ကျွန်တော်တို့က ရွာကို အရင်ဆုံး၊ နေရာယူပြီးတော့ ပစ်တာပေါ့။ ပြည်သူကို အရင်ကုန်အောင်ထုတ်ပြီးတော့ ရွာမှာပဲ ကျွန်တော်တို့ နေရာယူပြီးတော့ လက်နက်ကြီး လှမ်းပစ်တယ် လက်နက်ငယ်လှမ်းပေါက်တယ်။ သူတို့ကလည်း ကျွန်တော်တို့တွေနဲ့ ကျွန်တော်တို့ ရှိမှန်းသိတော့ သူတို့တွေ နောက်ပြန်ဆုတ်သွားတယ်ပေါ့။ လယ်သစ်ထဲကို ဒီမြို့ပေါ်မှာတော့အခုဖြစ်နေတာပေါ့” ဟု Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကို ဆက်တိုက် ပြုလုပ်နေကြောင်း၊ ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများ တူးထားရန် သတိဖြင့်သွားလာကြရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း Freedom Fighter Guerrilla Force မှ တာဝန်ရှိသူတစ်ဦးကဆက်လက် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Fighter Guerrilla Force၊ 8 Stars၊LACR နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article