31 C
Yangon

ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်မှု ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း DNLA – ဓဝယ်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ ထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထားဝယ်မြို့ အခြေစိုက် ခမရ ၂၅ တပ်ရင်းမှ စစ်သားတစ်ဦးဖြစ်သူ ကိုဖိုးထွေးသည် အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ရှေ့တန်းတပ်စခန်းရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ အလင်းဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော ကိုဖိုးထွေးသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၂၀ တောင့်၊ ဓါးမြှောင် ၁ ချောင်း၊ စစ်ယူနီဖောင်း အပြည့်အစုံယူဆောင်လာသောကြောင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ( DNLA ) မှ ငွေကျပ် သိန်း ၅၀ တိတိ ချီးမြှင့်ခဲ့ပြီး ၎င်း၏ သဘောဆန္ဒအလျောက် အာဏာရှင် စစ်ကောင်စီနှင့်ဝေးရာ လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါကြောင်းသိရှိရသည်။

ဆက်လက်၍ ပြည်သူ့ရင်ခွင် ဝင်ရောက်လိုသော စစ်ကောင်စီ တပ်သားများကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ( DNLA )မှ ကြိုဆိုလျက်ရှိကြောင်း DNLA – ဓဝယ်တပ်တော်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article