31 C
Yangon

KNU ဌာနချုပ်နေရာဟောင်း မာနယ်ပလောရှိ စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU ဌာနချုပ်ဟောင်း မာနယ်ပလောရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိ သူ ပဒိုကလယ်စေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီခန့်က KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ် ဟောင်း မာနယ်ပလောဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းသိမ်း တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

“သိမ်းပိုက်မိတာ မှန်ပါတယ်။ အသေးစိတ်တော့ စိစစ်နေတုန်းပါ၊ စခန်းရှင်းလင်းနေတုန်းပါ၊ စစ် ကောင်စီဘက်ကလည်း စစ်ကြောင်းပြန်ထိုးနေတယ်” ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိ သူ ပဒိုကလယ်စေးက ရှင်းပြသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက်ကာကျဲချမှုရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်မှလည်း ကျဆုံးသူရှိကြောင်း သိရ သည်။

အဆိုပါ အကြမ်းဖက်စစ်တပ်က ၁၉၉၅ ခုနှစ်က မာနယ်ပလောက်ကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ကာ ကျူး ကျော်တပ်စွဲထားခြင်းဖြစ်ပြီး စခန်း ၈ ခုဖြင့် မာနယ်ပလောဒေသကို စစ်ကောင်စီက ထိန်းချုပ်ထား ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဖာပွန်မြို့နယ်၊ တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲမှ ရရှိထားသော လက်နက်ခဲယမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖာပွန်မြို့နယ်၊ တောင်သုံးလုံးစခန်းသိမ်းတိုက်ပွဲမှ ရရှိထားသော လက်နက်ခဲယမ်းများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article