19.7 C
Yangon

သြစတေးလျနိုင်ငံ Perth မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာ့ ပြည်တွင်းရေးကို တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုအပေါ် စုပေါင်းပြစ်တင်ရှုတ်ချပွဲနှင့် ဆန္ဒပြပွဲပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

သြစတေးလျနိုင်ငံ Perth မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများက မြန်မာ့ ပြည်တွင်းရေးကို တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုအပေါ် စုပေါင်းပြစ်တင်ရှုတ်ချပွဲနှင့် ဆန္ဒပြပွဲကို ဒီဇင်ဘာလ ၁၃ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများက တရုတ်နိုင်ငံ၏ လုပ်ရပ်ကို ရှုတ်ချသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ မြန်မာ စစ်အာဏာရှင်စနစ်ကို ထောက်ခံအားပေးမှု ရပ်ဆိုင်းရေး တောင်းဆိုခဲ့ကြကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တရုတ်နိုင်ငံကို တိုက်တွန်းသည့် ပိုစတာများနှင့် စာတန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article