32 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းဘက်ကို အာရက္ခတပ်တော် AA နဲ့ PDF တွေ စိမ့်ဝင်လာမှာကို ကြောက်လန့်ပြီး အကြမ်းဖက် စစ်ကောင်စီက ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာ၀တီတိုင်းက မြို့နယ် အားလုံးမှာ လုံခြုံရေး အထူးတင်းကျပ်နေတဲ့အပြင် ၊ ပုသိမ်မှာဆိုရင် စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ထမ်းတွေကို မလိုအပ်ဘဲ ယူနီဖောင်း ဝတ်ပြီး သွားလာတာမျိုး မလုပ်ကြဖို့အထိပါ ညွန်ကြားနေပြန် တယ်လို့ စစ်ကောင်စီဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦးမှာ ကမ္ဘာ့စားနပ်ရိက္ခာက ပေးထားတဲ့ WFP တံဆိပ်ပါ ရိက္ခာတွေ တွေ့ရှိရမှု ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အလွဲသုံးစားပြုလုပ်တာ ဖြစ်တဲ့အတွက် လက်ခံနိုင်ဖွယ်မရှိဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာပဲ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
  • မြန်မာနိုင်ငံက စစ်မှုထမ်းကိစ္စကြောင့် ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်မယ့် လူငယ်တချို့ကို ကရင်ပြည်နယ် ဘားအံမြို့ အကြမ်းဖက် စစ်ကောင်စီတပ်က စောင့်ပြီး ဖမ်းဆီးမှုတွေ လုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article