30 C
Yangon

တအာင်းပြည် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးတွင် တာဝန်ထမ်းဆောင်မည့် TNLA အရာရှိဗိုလ် ၁၁၄ ဦး သင်တန်းဆင်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နယ်မြေများရှိ တအာင်းပြည် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် TNLA အလုပ်သင်အရာရှိ ဗိုလ်များ သင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training – TAOT) အပတ်စဉ် ၄ သင်တန်းဆင်းပွဲနှင့် အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် ၅ သင်တန်းဖွင့်ပွဲကို တအာင်းပြည်တစ်နေရာတွင် ပြုလုပ်ခဲ့ပြီး ဗိုလ်သင်တန်း အပတ်စဉ် ၄ သည် သင်တန်းကာလ ၁၈ လ ကြာမြင့်ခဲ့ပြီး သင်တန်းသား ၁၃၂ ဦး တက်ရောက်ကြောင်း၊ ထိုသင်တန်းများသည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ကာ ၁၂ ဦး တိုက်ပွဲအတွင်း အသက်ပေးလှူဒါန်းသွားခဲ့ကြောင်း၊ ထိုကြောင့် သင်တန်းဆင်းပွဲတွင် သင်တန်းသား ၁၁၄ ဦး သင်တန်းဆင်းနိုင်ခဲ့ကာ အပတ်စဉ် ၅ တက်ရောက်မည့် အလုပ်သင် ဗိုလ်သင်တန်းသား ၁၃၅ ဦးဖြင့် သင်တန်းသစ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သင်တန်းကာလ စစ်ဆင်ရေးအတွင်းစစ်မြေပြင်တွင် အသက်ပေးသွားသည့် ဗိုလ်လောင်းသင်တန်းမှ ကျောင်းသားများကို ဂုဏ်ယူလေးစားအပ်ကြောင်း၊ လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့် မိမိကျရာတာဝန်များကို အကောင်းဆုံးဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းသည်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း “အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိတအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်သည့်အတွက်ကြောင့် စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် တအာင်းပြည်ကြီး ဖွံဖြိုးတိုးတက်ပြီး သာယာဝပြောစေရန် ယခုသင်တန်းဆင်းသည့် အရာရှိများ၏ လက်ထဲတွင်ရှိကြောင်း မည်သည့်နေရာ ဌာနတွင်မဆို ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ကြရန်၊ ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန်တာဝန်ရှိကြောင်း ပြောကြားသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article