32 C
Yangon

စလင်းတွင် စစ်တပ်က ကပစ စက်ရုံများ မီးရရှိရေးအတွက် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ တိမ်းရှောင်နေရပြီး PDF တပ်ဖွဲ့က လမ်းပိုင်းတချို့ ယာယီ ပိတ်ထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကပစ စက်ရုံများ မီးရရှိရေးအတွက် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ တိမ်းရှောင်နေရပြီး လမ်းပိုင်းတချို့ ယာယီ ပိတ်ထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရှိ ကျေးရွာများကို ကပစ ၂၁ ၊ ချောက် ၊ ဆိပ်ဖြူ နှင့် ပခုက္ကူတပ်မ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂ဝဝ ဝန်းကျင်က ကပစ ၂၁ နှင့် ကပစ ၂၅ ကို သွယ်တန်းထားသော မီးလိုင်းများ ပြတ်တောက်မည် စိုးရိမ်သောကြောင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သန်းကုန်းရွာနှင့် ဂရမ်းရွာမှ ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကာ စစ်ကားများလည်း ပျက်စီးမှုရှိကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် ရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် စလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ ကတ္တရာလမ်းပိုင်း ပေါ်ရောက်ရှိလာပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် လမ်းပိုင်း အသုံးပြုမှုကို ယာယီခေတ္တ ပိတ်ထားကြောင်း၊ အရေးပေါ် ဖြတ်သန်းသွားလိုသော ပြည်သူများအနေဖြင့် ဖုန်းနံပါတ် 09952666557 သို့ဆက်သွယ်၍ လမ်းပိုင်း အသုံးပြုမှု ကြိုတင် သတင်းပေးပို့ရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

“စစ်ခွေးတွေ လက်နက်ကြီးနဲ့ ရမ်းပစ်လို့ သန်းကုန်းရွာက ၁ ဦးနဲ့ ဂရမ်းရွာက ၁ ဦး သေဆုံးခဲ့တယ်။ ခွေးစစ်ကြောင်းက အခုထိ ရှိနေသေးတယ်။ စစ်ခွေးတွေက ဘေးပတ်လည်က ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အခုမနက်ပိုင်း တာလမ်း ကတ္တာရာ လမ်းပိုင်းက ရွာတွေအထိကို စစ်ခွေးတွေကို ရွာထဲကို ဝင်မွှေနေတာတွေရှိတယ်။ အဲတာကြောင့် ဆင်ဖြူ ကျွန်း- တညောင်လမ်းပိုင်းမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာဖြစ်တဲ့အတွက် လမ်းပိုင်းကို ယာယီ ပိတ်လိုက်တာပေါ့။ သူတို့ ပထမ ဆုံး စလာတည်းကတော့ မီးလိုင်းတွေအတွက်လာတာ ကပစ ၂၁ နဲ့ ကပစ ၂၅ အတွက် သွယ်တန်းထားတဲ့ မီးလိုင်းတွေ မီးလိုင်းတွေစစ်ဖို့ လာတယ်။ ကျန်တော်တို့က မီးလိုင်းတွေကို တစ်ခုခုလုပ်ရင် ကပစ ထုတ်လုပ်ရေး လုပ်ဖို့က အခက်အခဲဖြစ်တဲ့အတွက် သဲကြီးမဲကြီး နယ်မြေရှင်းနေတဲ့ ပုံစံပဲ တိမ်းရှောင်နေရတဲ့ ရွာကလည်း ၂၀ ဝန်းကျင်လောက်ရှိမယ်။ လူဦးရေး သောင်းချီတယ်။ စစ်ခွေးတွေက ပတ်ခြာလည်ရွာတွေကို ပစ်နေတာဖြစ်တဲ့ အတွက် နည်းနည်းဝေးတဲ့ရွာတွေကတောင် ရွာတွေပေါ်ကျပြီး လက်နက်ကြီးမှန်တာတွေရှိတဲ့ အတွက် သူတို့လည်း ကြောက်ပြီးတော့ ရှောင်ကျတာပေါ့။ လမ်းကို အသုံးပြုတဲ့ ပြည်သူတွေပေါ့။ ကားသမားတွေကော ဆိုင်ကယ်သမားတွေကော အရေးကြီးတဲ့ အခြေအနေမို့ သွားရမယ်ဆိုရင်လည်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လည်း ပေးထားတယ်ပေါ့။ ဖြတ်သန်းသွားမယ်ဆိုရင် Page ကထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ဖြတ်သန်းသွားကျဖို့ အသိပေးချင်တယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article