32 C
Yangon

ပေါင်းတည်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနော်က အနက်ရောင်သေမင်းတမန်အဖွဲ့ စာတန်း ချိတ်ဆွဲ၍ ရုပ်အလောင်းများကို စွန့်ပစ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အနက်ရောင်သေမင်းတမန်အဖွဲ့ ဆိုသော စာတန်း ချိတ်ဆွဲ၍ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး အနက်ရောင်သေမင်းတမန်အဖွဲ့ ဆိုသော စာတန်းချိတ်ဆွဲကာ ဆင်လူးအုပ်စု ကျေးရွာချင်းဆက်လမ်းပိုင်းတွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂ ဦးသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ မြို့နယ်အတွင်းတွင်လည်း တော်လှန်ရေး ရဲဘော်များ ပျောက်ဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ် ဘော်ဘီများက စစ်တပ်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဝန်ခံထားသော်လည်း ပြည်သူ ၂ ဦးကို PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု လိမ်လည် ထုတ်ပြန်ထားသည်။

“ကျန်တော်တို့ ရဲဘော်တွေ မြို့နယ်တွင်းမှာ ပျောက်ဆုံးတာမရှိပါဘူး။ စစ်ခွေးတွေက ပြည်သူ ၂ ဦးကို PDF တပ်ဖွဲ့ဝင်တွေဆိုပြီး စွပ်စွဲ သတ်ဖြတ်သွားတာလို့ သုံးသပ်တယ်။ သေဆုံးသူ ၂ ဦးကတော့ ဘယ်ရွာကလဲ ဘယ်သူတွေလဲဆိုတာတော့ ကျန်တော်တို့ မသိရသေးဘူး။ ဆက်လက်စုံစမ်းနေပါတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ လုံးဝမဟုတ်ပါဘူး” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article