ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ထဲကနေ အစာရေစာငတ်ပြတ်ပြီး ပိန်ချုံးဒဏ်ရာရနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောက်ထပ် တစ်သုတ် အလံဖြူထောင် လက်နက်ချလာတဲ့အတွက် လေကြောင်းတိုက်ခိုက်မှု တွေကြား ကနေ အာရက္ခတပ်တော် AA က ကယ်တင်ပေးနေတဲ့ ရုံသံဖိုင်ကို AA က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းတပ်သားသစ်အဖြစ် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေရာမှာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် အရွယ် လူငယ်အများအပြားကိုပါ ပေါ်တာဆွဲဖမ်းဆီးနေရာမှာ အုတ်ဖိုမြို့နယ် လင်းလွန်းပင် ကျေးရွာ အုပ်ချုပ်ရေးမှုးရဲ့ တူဖြစ်သူနဲ့ သားဖြစ်သူပါမချန် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီရဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေ ၂ က ဗိုလ်ကြီး စောမင်းထက် နဲ့ ဇနီး သူသူလင်းဇော် ဆိုသူတို့ဟာ အွန်လိုင်းမဲ ငွေစုမယ်ဆိုပြီး လူပေါင်းများစွာဆီကနေ သိန်းပေါင်းထောင်နဲ့ချီ လိမ်လည်သွားပြီး ၊ စစ်ရုံးအထိ တိုင်ကြားတာတောင် ဖြေရှင်းပေးမှုမရှိတဲ့အပြင် ၊ တိုင်တဲ့သူတွေပါ ခြိမ်းခြောက်ခံရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar