ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ဆုံး လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးအတွင်း တောင်းဆိုလိုက်ပါတယ်။
- ချင်းပြည်နယ်က မင်းတပ် နဲ့ ဖလမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်သား နဲ့ ရဲ စုစုပေါင်း ၁၆၈ ဦးဟာ အလံဖြူထောင် လက်နက်ချခဲ့ကြပြီး ၊စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်း ရရှိထားတယ်လို့ ချင်းညီနောင်စစ်ဆင်ရေးက ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
- ကချင်ပြည်နယ်မှာ KIA-PDF ပူးပေါင်းတပ်တွေက ဆင်နွဲနေတဲ့ ဗန်းမော် နဲ့ မံစီမြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တော်တော်ကို အထိနာနေသလို စစ်သုံပန်းတွေလည်း အရှင်ဖမ်းဆီးရမိထားတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar