မိုးကုတ်မြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူ ၃၀၀ ဦးကို TNLA က ဖမ်းဆီးအရေးယူ
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသူ ၃၀၀ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင် ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ဇူလိုင်မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့နယ်တွင် PSLF/TNLA မိုးကုတ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ် ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူ ၃၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းထားသူများထဲတွင် ယခင် စစ်ကောင်စီထိန်းချုပ်စဥ်ကာလက ညီနောင် မဟာမိတ်များ၏ သတင်းအချက်အလက်များရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေး၍ ရောင်းဝယ် သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေး ကျောင်းသို့ပို့ ဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများ ကိုလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဆင်နွှဲကာ မိုးကုတ်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက် ပြီးနောက် မိုးကုတ်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူသည့် လုပ်ငန်းစဥ် ၅ ရပ်ဖြင့် ဆောင်ရွက်နေကြောင်း အသိပေးထားသည်။