19 C
Yangon

မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်မှု ဒဏ်ရာရရှိ

Must read

မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်မှု ဒဏ်ရာရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်တွင် မင်္ဂလာပွဲ လာတက်သည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ခဲ့ကြောင်း Yangon Phoenix မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ APOLLO ဟိုတယ်တွင် ညီမဖြစ်သူ၏ မင်္ဂလာ ဆောင်သို့ လာရောက်သည့် ဗိုလ်မှူးဇေယျာမင်း ကို အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်မှူးဇေယျာမင်းမှာ ဒဏ်ရာရရှိပြီး စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

“သူတို့က ကားနဲ့မောင်းပြေးတယ်။ ကားနဲ့ထွက်လာတာကို လိုက်ပစ်တာပါ။ လောလောဆယ်အထိကတော့ဒဏ်ရာရရှိတယ်လို့ပဲ သိရပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

ပစ်ခတ်ခံရသော ဗိုလ်မှူးဇေယျာမင်းသည် ပြင်ဦးလွင်ရှိ တပ်မတော်စက်မှုလက်မှုသင်တန်းကျောင်း တွင်တာဝန်ထမ်းဆောင်နေရာမှ ညီမဖြစ်သူ၏ မင်္ဂလာဆောင်သို့ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသော ဗိုလ်မှူးဇေယျာမင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article