လောင်းလုံး၊ ကျောက်နီမော်ရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် ခုခံနေ
တနင်္သာရီတိုင်း၊ လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က ကြည်း၊ရေ၊ လေ စစ်ဆင်ရေးဖြင့် ခုခံနေကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ကလည်း ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် အပြင်းအထန် ခုခံနေပြီး ကျောက်နီမော်ထဲကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ထို့ပြင် ရေကြောင်းမှလည်း အကြမ်းဖက် စစ်တပ်က စစ်ရေယာဉ်များဖြင့် ကျောက်နီမော် ရွာဘက်ကို ဆက်တိုက် ပစ်ခတ်နေပြီး ရေလမ်းဖြင့် စစ်ကူအင်အားများ ထပ်မံ ပို့ဆောင်နေကြောင်း သိရသည်။
“တိုက်ပွဲက ဆက်တိုက်ကို ပြင်းထန်နေတယ်။ စစ်ခွေးတွေက ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးနဲ့ကို အပြင်းအထန်ကို ခုခံနေတာ တိုက်ပွဲက စစ်ခွေးလေယာဉ်တွေက ၂ ရက်ရှိပြီး ဆက်တိုက်ကို ကျဲချနေတာ ရေလမ်းမှာလည်း စစ်ခွေး တိုက်ခိုက်ရေး စစ်ရေယာဉ်တွေ ရောက်နေတယ်။ အဲကနေလည်း ဆက်တိုက်ကို ပစ်ခတ်နေတာ တိုက်ပွဲအခြေအနေတော့ အသေးစိတ်မသိရသေးဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။