25 C
Yangon

စစ်ကိုင်းမြို့ဘက်မှ မုံရွာမြို့သို့ ဆင်းလာသည့် သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး ခင်မွန်ရွာရှိ ရွှေမြရ်မိုဆေးရုံတွင် ဆေးကုသမှု ခံယူနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်မှ မုံရွာမြို့ကို ဆင်းလာသည့် သံပြားကာ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ခင်မွန်ရွာရှိ ရွှေမြရ်မိုဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ ဘက်မှ မုံရွာမြို့ကို မန္တလေး-မုံရွာ လမ်းပိုင်း အတိုင်းဆင်းလာသည့်အကြမ်းဖက် စစ်တပ်၏ သံပြားကာကား ၆ စီးပါ ယာဥ်တန်းကို ချောင်းဦးမြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့က ခင်မွန်ကျေးရွာ ရွှေတိုးနိုင်ဆီဆိုင်‌တောင် ဘက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး ခင်မွန်ရွာရှိ ရွှေမြရ်မိုဆေးရုံတွင် ဒဏ်ရာရ စစ်သားများ ဆေးကုသမှုခံယူနေရပြီး ဆေးကုသပြီးနောက် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်းသိရသည်။

“စစ်ခွေးသေစာရင်းကတော့ မသိရသေးပါဘူး။ စစ်ခွေးတွေဘက်ကတော့ ပြန်လည်ပစ်ခတ်မှုရှိပါတယ်။ ပစ်တာကတော့တော်တော်ပစ်ပါတယ်။ ကျန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article