29 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းမှ စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်၊ အုတ်ဖို၊ ခမရ ၆ မှ လက်နက်များဖြင့် ထွက်ပြေးသွားသော စစ်သား ၇ ဦးလည်း ဖမ်းမမိတော့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာ စစ်စခန်းတွင် စစ်တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ၍ တပ်သားသစ်ရှာဖွေ ဖမ်းဆီးရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦးမှာ အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းတွင် တပ်အရာရှိများက တပ်သားများကို ပေါ်တာဆွဲ ဖမ်းဆီး၍ တပ်သားသစ်စုဆောင်းကြရန် အမိန့်ပေးစေခိုင်းခြင်းကြောင့် စစ်သား ၅ ဦး အမိန့်ဖီဆန်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်သား ၅ ဦးထွက်ပြေး သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားပြီး လက်ရှိချိန်ထိ တောနင်းရှာဖွေနေကြောင်း သိရှိရသည်။

“ကုန်းရွာအုပ်စုက ပျူစောထီးတွေ အားကောင်းတဲ့ ကွင်းချောင်းရွာမှာ တပ်ဆွဲထားသည့် စစ်ခွေးတွေထဲက တပ်သား ၅ ဦး ထွက်ပြေးတာကြောင့် ၂၄ ရက်နေ့ညက လိုက်လံ ပစ်ခတ်တာ ဆူညံနေတာပဲ ပျူစောထီးတွေနဲ့ စစ်ခွေး လိုက်ပစ်တာ ညက ပြေးတဲ့၅ ဦးက သေနတ်မပါဘူး။ လွတ်သွားတယ်လို့တော့ သိရတယ်။ စစ်ခွေးတွေ မနေ့က မွန်းလွဲပိုင်းထိ တောနင်းပြီး ရှာနေတာပဲ ဘာကြောင့် ပြေးတာလည်းဆိုတော့ လူငယ်တွေကို ပေါ်တာမဆွဲချင်လို့ ပြေးတာလို့ပြောတယ်။ စစ်ခွေး အရာရှိက ကလေးတွေကို ပေါ်တာဆွဲဖို့ ပြောတာကို အမိန့်ဖီဆန်ပြီး ပြေးတာလို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ ခမရ ၆ တပ်ရင်းမှ လက်နက်များ ယူဆောင်သွားပြီး ထွက်ပြေးသွားသည့် စစ်မှုထမ်း တပ်သားသစ် ၇ ဦးကိုလည်း လက်ရှိချိန်အထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် တောင်ပိုင်းတိုင်းမှူးက ခမရ ၆ တပ်ရင်းသို့ ရောက်ရှိလာပြီး အရာရှိများကို ဆဲဆို သွားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ရက်က ခမရ ၆ ကို တိုင်းမှူးလာသွားတယ်။ အရင်တလောက ခမရ ၆ ထဲကနေ စစ်သား ၇ ဦး လက်နက်တွေနဲ့ ပြေးတာကို ပြန်ဖမ်းမိဖို့ ညွှန်ကြားနေတာ အခုသူ ညွှန်ကြားပြီး ကွင်းချောင်းကလည်း စစ်သား ၅ ဦး ထပ်ပြီး ထွက်ပြေးတော့ အရာရှိတွေ အရေးယူခံရဖို့ သေချာနေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article