23 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်၊ အမ်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ နပခ တိုင်းစစ်ဌာနချုပ်ကြီးကို သိမ်းပိုက်ရာမှာ “ရန်သူ့လက်နက် ကိုယ့်လက်နက်” အဖြစ် စစ်တပ်ဆီကနေ သိမ်းဆည်းရရှိခဲ့တဲ့ တင့်ကားတွေ ၊ အမြောက်ပစ်ဒုံးကျည်တွေနဲ့ စစ်လက်နက်တွေကို ပြန်လည် အသုံးပြုတိုက်ခိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဗီဒီယိုနဲ့တကွ ထုတ်ပြန်ထားပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက သူတို့နဲ့ ဆက်ဆံရေးမကောင်းတဲ့ မလေးရှားနိုင်ငံက ဆီအုန်း လုပ်ငန်းတွေကို မြန်မာအလုပ်သမားတွေ စေလွှတ်ခွင့်မပြုတော့ပဲ တရားဝင် ပိတ်ပင်လိုက်တယ်လို့ ကြေညာလိုက်ပြန်ပါတယ်။
  • မွန်ပြည်နယ် သထုံမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက ဖျော်ဖြေပွဲနဲ့ လောင်းကစားဝိုင်းတွေ လုပ်ခွင့်ပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက် ပွဲစီစဉ်သူနဲ့ ပါဝင်သူ အနုပညာရှင်တွေကိုပါ အရေးယူသွားမှာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article