ဖယ်ခုံမြို့နယ်၊ ပီကင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကား ၂ စီးနှင့်နေအိမ် တချို့ပျက်စီး
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ပီကင်းကျေးရွာကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကား ၂ စီးနှင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း KNDF တပ်ဖွဲ့မှ မြေပြင်ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီ ၂၅ မိနစ်အချိန်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းရှိ ပီကင်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံး၊ ပေါင် ၁၂၀ ဗုံးတစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည် သူ ၃ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရရှိခဲ့ ကြောင်း၊ ထို့အပြင် ကား ၂ စီးနှင့် နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒီဘက်မှာက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လာကျဲသွားတာ။ ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ပေါင် ၁၂၀ ဗုံးတစ်လုံး။ စစ်ဘေး ရှောင်တွေနေတဲ့ ရွာပါ။ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ကား ၂ စီးနဲ့ နေအိမ် အချို့ ပျက်စီးတယ်။ ဒါနဲ့ဆိုရင် ပီကင်းရွာက လေကြောင်းကနေ ဗုံးကျဲခံရတာ ၂ ကြိမ်ရှိသွား ပြီ။မိုးဗြဲ အနောက်ခြမ်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိနဲ့နေထိုင်ကြဖို့ တိုက်တွန်း ချင်ပါတယ်။” KNDF တပ်ဖွဲ့မှ မြေပြင်ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ပီကင်းကျေးရွာသည် အိမ်စု ၆၀၀ ခန့်ရှိပြီး စစ်ဘေးရှောင်ပြည်သူ အများအပြား ခိုလှုံနေသည့် ကျေးရွာတစ်ရွာတစ်ရွာဖြစ်ကြောင်း၊ ယခုအကြိမ်တစ်ခါဗုံးကျဲမှုသည် ဒုတိယအကြိမ်မြောက် ကျဲချခံရခြင်းဖြစ်ကြောင်း သိရသည်။