32 C
Yangon

လောင်းလုံးမြို့ပေါ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မြင်းခြံမြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

Must read

လောင်းလုံးမြို့ပေါ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မြင်းခြံမြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် အစောပိုင်းတွင် လောင်းလုံးမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“လောင်းလုံးမြို့ပေါ်ရဲစခန်း တော်လှန်ရေး တပ်ဖွဲ့တွေ ဒီနေ့ နံနက် အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ နံနက် စောစော ၅ နာရီခွဲ ဝန်းကျင်လောက်က စပြီး တိုက်ခိုက်သံတွေ ကြားရတယ်။ ၇ နာရီလောက်မှာတော့ အသံတိတ်သွားတယ်။ ခွေးသေစာရင်းကတော့ မသိရသေးဘူး။ တော်လှန်ရေး တပ်ဖွဲ့တွေတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

လောင်းလုံးမြို့ပေါ် ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်သားများကို လူနာတင်ကားများ ခေါ်ဆောင်၍ ဆေးရုံပို့ဆောင်ခြင်းမရှိဘဲ သေဆုံးသွားမှ စခန်းအတွင်း မြုပ်နှံခြင်းကြောင့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိကြေင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြင်းခြံမြို့ အရှေ့ဘက် ကျောက်ရံရွာအနီး၌ တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ဆင်ရေး တစ်ခုအတွက် သွားရောက်စဉ် မြင်းခြံမြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိပ်တိုက်တွေ့မိ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အင်အားမမျှ၍ ပြန်လည် ဆုတ်ခွာခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် အသင့်ထောင်ထားသော မိုင်းကွင်းများအထိ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) နှင့်အတူ Anyar Federal Task Force ၊ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article