28 C
Yangon

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

Must read

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာအသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မူးမြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး သေဂေလူကျေးရွာမှ အသက် ၃၃ နှစ်အရွယ် စောစိုးသူရ နှင့် ပျဉ်းမပင်ကျေးရွာမှ အသက် ၄၄ နှစ်အရွယ် ကျော်လွင်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက ကွင်းချောင်း၀မှနေ၍ ထွနီကုန်းကျေး ရွာအတွင်းကို လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက် ကြီး ၁ လုံးသည် လယ်ကွင်းပြင်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် လက်နက်ကြီး ၁ လုံးသည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲ၍ အသက် ၄၅ နှစ်အရွယ် စောခယ်ဖော ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက ခင်ကြီးကျေးရွာအတွင်းကို ဒရုန်ဖြင့် ဗုံးသီး ၁ လုံး ကျဲချခဲ့ရာ စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ညနေ ၄ နာရီ ၄၉ မိနစ်ခန့်တွင် ယင်းတပ်ရင်းက အင်းတောကန်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံကျဲချခဲ့ရာ အသက် ၃၅ နှစ်အရွယ် မီသူဇာဝင်း ထိခိုက်ဒဏ်ရာရပြီး နွား ၁ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

လယ်ဒိုမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဘုရားဇီးကုန်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကျေးရွာနေပြည်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်နွဲနွဲသန်း သေဆုံးခဲ့ကြောင်း၊ ခိုလိုကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထောင်ထားခဲ့သော မိုင်းနင်းမိပြီး ကျေးရွာနေပြည်သူ စောခွါးလေး နှင့် စောသန်းတဲ တို့ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်တံခါးမှ နေပြီး ဗုံးသီး ၂ လုံးဖြင့် ခိုလိုကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၇၈ နှစ်အရွယ် ဦးစိုးဝင်း၊ အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်မာ နှင့် အသက် ၂၅ နှစ်အရွယ် နော်ဖောဝါး တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗုံးသီး ၁ လုံးဖြင့် သမင်ကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဦးမောင်ဝါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၅ နာရီ ၇ မိနစ်နှင့် ၃၅ မိနစ်ခန့်တွင် ခမရ-၄၃၉ တပ်ရင်းက မြနီကွင်းကျေးရွာ အတွင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ည ၉ နာရီ ၄ မိနစ်ခန့်တွင် ယင်းတပ်ရင်းက လက်နက်ကြီး ၂ လုံး ထပ်မံ ပစ် ခတ် ခဲ့ရာ ဘုရားလာဟာ လယ်ကွင်းပြင်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် ယင်းတပ်က ထပ်မံပြီး ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တောကြောင်ပေါက် ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး တောကြောင်ပေါက် ကျေးရွာတွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် နော်ဂေဒါးဖောနှင့် အသက် ၁၂ နှစ်အရွယ် နော်ခူဒါးတို့ သေဆုံးပြီး အသက် ၃၀ နှစ်အရွယ် နော်ဒါးအယ်စေး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့်တွင် နတ်သံကွင်းမှ နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဖျံတလင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article