18 C
Yangon

နတ်မောက်တွင် ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်သားအလောင်းများကို နာရေးကား၊ ကုန်တင်ကားများဖြင့် တင်ဆောင်သွား

Must read

နတ်မောက်တွင် ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်သားအလောင်းများကို နာရေးကား၊ ကုန်တင်ကားများဖြင့် တင်ဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ သင်ပုန်းကုန်းကြီး ရွာအနီးတွင် အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကား တစ်စီးကို နတ်မောက်မြို့နယ်တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးခန့် သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို နတ်မောက် မြို့ပေါ်မှ နာရေးကား ၂ စီး၊ ကုန်တင်ကား ၁ စီးအပြင် စစ်တပ် စစ်ကူကား ၄ စီး အပါအဝင် ရဲ ကားများဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

“သင်ပုန်းကုန်းကြီးထိပ်က သံလမ်းနား၊ ကံကောင်းတကြောင်းထိုးလမ်းလို့ ခေါ်တာပေါ့။ ကတ္တရာ လမ်းနားရောက်တဲ့အချိန် နတ်မောက်မြို့ကို ပြန်ဝင်မယ့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ။ အဲဒီစစ်ကြောင်းက ကမ်းပြိုရွာ ခေါ်တာပေါ့။ ကမ်းပြိုရွာကပ်လျက် လမ်းမပေါ် ရောက်တဲ့ချိန်မှာ ဘိလပ်မြေကားတစ်စီးကိုပေါ်တာဆွဲ ပြီးလိုက်သွားတာ၊ ကျနော်တို့က မိုင်းကွင်း ၂ ကွင်းဆင်ထား တာ၊ ပထမ တစ်ကွင်းဆွဲတဲ့အချိန်မှာ ကားပျက်ပြီး ရပ်သွားတယ်။ အဲဒီအချိန်မှာ သေနတ်တွေနဲ့ ပစ်ပြီးကားပေါ်ကနေ ကားပေါ်ကနေ အကုန်လုံး အုပ်စုလိုက်ကြီး ဆင်းချလာတာ။ မိုင်းကွင်းထဲမှာ အုပ်စုလိုက်ကြီး ရောက် နေတဲ့အနောက်မိုင်းကွင်းကို ဆွဲလိုက်တာ။ အရာရှိပါသေတယ်လို့ ကနဦးသ တင်းတော့ ရထားတယ်။ မိုင်းဆွဲပြီး တုံးလုံးပက်လက်တွေဖြစ်နေတာ ၂၀ ဝန်းကျင်လောက်ရှိတယ်လို့ သတင်းရတယ်။ ၂၀ လောက်သေတာလို့ခန့်မှန်းလို့ရတယ်။အဲဒီတုံးလုံးပက်လက်တွေကို လမ်းဘေး မှာ ဆွဲချထားပြီး ခရီးသွားကားတွေကို တားနေတယ်လို့ သတင်းရထားတာ” နတ်မောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နတ်မောက်မြို့ နယ်၊ စိုင်ခေါင်းကျေးရွာဘက်မှ မြင်းတဲကြီးကျေးရွာဘက်ကို ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဆက်လက်၍ ပန်းညိုကျေးရွာသို့ ဝင်ရောက်ကာ ပန်းညိုကျေးရွာမှ ပြည်သူ အားလုံးကို ဘုန်းကြီးကျောင်းအတွင်း စုစည်း ဖမ်းထားကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပြည် သူပိုင်ရွှေ ၁၀ ကျပ်သား အပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

ထိုမှတဆင့် ကျောက်ဆည်ကျေးရွာကို ဆက်လက်ဝင်ရောက်ကာ ကျောက်ဆည်ကျေးရွာနေ ဦးမောင်စန်းကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ် ၃ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် လမ်းပေါ်၌တွေ့ရှိသည့် ဆိုင်ကယ် ၂ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ကံလေးကုန်းရွာ အနောက်ဘက်တွင် နတ်မောက်မြို့နယ် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article