30 C
Yangon

တောင်ငူမြို့၊ မိုင်ဒါကွင်း အတွင်း စစ်တပ်က ဦးစီးကျင်းပနေသော လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးနေသော ခပေါင်းခန်းမရုံးကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

တောင်ငူမြို့၊ မိုင်ဒါကွင်း အတွင်း စစ်တပ်က ဦးစီးကျင်းပနေသော လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးနေသော ခပေါင်းခန်းမရုံးကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပဲခူးတိုင်း၊ တောင်ငူမြို့၊ မိုင်ဒါကွင်း အတွင်း စစ်တပ်က ဦးစီးကျင်းပနေသော လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးလိုက်သော ခပေါင်းခန်းမရုံးကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်ဒါကွင်းအတွင်း၌ အကြမ်းဖက် စစ်တပ်က ဦးဆောင် ကျင်းပနေသည်‌ လွတ်လပ်ရေးပျော်ပွဲရွှင်ပွဲကို လုံခြုံရေး ယူပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နေထိုင်သည့် ခပေါင်းခန်းမရုံးကို တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြ ပြောက်ကျား တပ်ဖွဲ့က စစ်ရေးပစ်မှတ်တစ်ခု အဖြစ် အင်အားပြင်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“တောင်ငူမြို့မှာ စစ်ခွေးတွေ ဦးစီးကျင်းမနေတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲတော်ကို လုံခြုံရေးယူပေးနေတဲ့ စစ်ခွေးနေတဲ့ ရုံးကို ၂၈ ရက်နေ့ ညပိုင်းက ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ်” ဟု တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည့် ၁ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အဆိုပါ မစ်ရှင်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့အနေဖြင့် တော်လှန် မစ်ရှင်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့်လည်း မတရား အာဏာသိမ်း စစ်ကောင်စီမှ ကြီးမှူးကျင်းပသည့် ပျော်ပွဲ ရွှင်ပွဲများ၊ အထိမ်းအမှတ်ပွဲများသို့ သွားလာခြင်းမပြုရန်နှင့် အတတ်နိုင်ဆုံး စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဝေးဝေးနေပေးကျပါရန် အထူးမေတ္တာရပ်ခံကြောင်း အထူးမြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article