အာဏာရှင် စစ်တပ်၏ ကြီးစိုးမှုနှင့် အုပ်ချုပ်မှုကို အမြစ်ပြတ် ချေမှုန်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်ရေးအရ အနိုင်ယူရန်သာဖြစ်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပြော
အကြမ်းဖက် အာဏာရှင် စစ်တပ်၏ ကြီးစိုးမှုနှင့် အုပ်ချုပ်မှုကို အမြစ်ပြတ် ချေမှုန်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်ရေးအရ ဖိအားပေး၍ အနိုင်ယူရန် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်အာဏာကို မဟုတ်မမှန်အကြောင်းအရာများကို ဖော်ပြပြီး အဓမ္မသိမ်းယူခဲ့သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို ပြည်သူလူထုက လက်မခံခဲ့ကြဘဲ အစိုးရ ဝန်ထမ်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အထူးသဖြင့် လူငယ်လူရွယ်များ က ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း၊ စစ်တပ်ကအကြမ်း ဖက် နှိမ်နင်းခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများစွာ အပြင် အသက်သေဆုံးမှုများ အများအပြားရှိခဲ့ကြောင်း၊ စစ်တပ်၏ အကြမ်းဖက် နှိမ်နင်းခြင်းများ ပိုမိုဆိုးရွား လာသောကြောင့် အာဏာသိမ်းမှုကို နည်းလမ်းမျိုးစုံမှ ကန့်ကွက်ဆန့် ကျင် ဆန္ဒပြမှုများသည်လည်း ရရာလက်နက်များဖြင့် ပြန်လည် ခုခံကာကွယ်လာရသည်မှတစ်ဆင့် လက်နက်ကိုင်တိုက်ပွဲဝင် ဆန့်ကျင်တော်လှန် လာရသည်အထိ ဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဗမာစစ်တပ်၏ ကြီးစိုးမှုနှင့် အာဏာသိမ်းအုပ်ချုပ်မှုများကို တိုက်ဖျက်ပြီး အမြစ် ပြတ်ချေမှုန်းသွားရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့ အား ကိုး အားထားအသုံးပြုနေရသည့် စစ်ရေးအရ ဖိအားပေး၍ အနိုင်ယူခြင်းပင်ဖြစ် သည်။ အနာဂတ်တိုင်းပြည်၏ လူမျိုးစု၊ တိုင်းရင်းသားများအကြား သဟ ဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ရှိလာစေရန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုသာလျှင် တည်ဆောက်ရမည်ကို လူမျိုးစု၊ တိုင်းရင်း သား မိဘပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များမှ သိမြင်ပြီး လက်ခံလာ မှုများ ပိုမိုများပြားလာသည်။ လူမျိုးစုများ၊ မိဘပြည်သူ လူထု၊ လူငယ်လူရွယ်များမှ ရရာ လက်နက်စွဲကိုင်လျက် အာဏာသိမ်း ဗမာစစ်တပ်နှင့်အပေါင်း အပါများ ကို စစ်ရေးအရ ဆန့်ကျင်တိုက်ပွဲဝင်ခြင်းများ ပြင်းထန်လာရပေသည်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်သည် အဘက်ဘက်မှ ကျပ်တည်းမှု၊ ခက်ခဲမှုများ ရပ်ဆငိင်နေရပြီဖြစ်ကြောင်း၊ ပြည်သူလူထုကလည်း စစ်တပ်အင်အားစုကို ယုံကြည်မှု၊ ထောက်ခံမှု မရှိတော့ကြောင်း၊ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြောင့် ပြည် သူလူထုအများစုမှာ ဆင်းရဲကျပ်တည်းခြင်း၊ ပျက်စီးဆုံးရှုံးခြင်း၊ ထိခိုက်သေဆုံးခြင်း၊ ပူပန်စိုးရွံ့ခြင်းများကို ကြီးမားစွာ ရင်ဆိုင်နေရကြောင်း ၎င်း ကဆိုသည်။
“မဟာလူမျိုးကြီး ဝါဒနှင့် အာဏာရှင်စနစ်၏ အသွင်သဏ္ဍန်အမျိုးမျိုးကို အပြီး တိုင် လုံး၀ ချုပ်ငြိမ်း ပျက်သုဉ်းသွားသည်အထိ တိုက်ဖျက်သွားရန် မျှော်မှန်းထားပါသည်။ မျှော်မှန်းချက် ပြည့်စုံစေရန် လုပ်ဆောင်ရမည့် အခြားနည်းလမ်း မရှိတော့ပါ ။ ကရင်လူမျိုးများ၊ လူမျိုးစုများ တိုင်းရင်းသား မိဘပြည်သူများအနေဖြင့် အခြေအနေအရပ်ရပ်ကို အတူတကွ နားလည် သိရှိ လက်ခံပြီး ရင် ဆိုင်သွားကြရန်၊ အတူလက်တွဲ၍ အောင်မြင်မှု ရရှိရန် တော်လှန်ရေး လှုပ်ရှားမှုများတွင် အတူရပ်တည် တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းအားပေးရင်း အသိ ပေး ကြေညာကာ ဖိတ်ခေါ် ကမ်းလှမ်းလိုပါသည်” ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် KNU အနေဖြင့် ကော်သူးလေး အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး လက်စွဲကို အတည်ပြု သတ်မှတ်ကိုင်စွဲပြီး ကော်သူးလေအစိုးရ တစ်ရပ်အနေဖြင့် တည်ဆောက် ရပ်တည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ကြေညာလိုက်သည်။