22 C
Yangon

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး

Must read

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး၊ စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် ပစ်ခတ်ခဲ့သည့် စစ်သားက ယင်းခစန်းမှ စစ်ဗိုလ် ၁ ဦးနှင့်အတူ လက် နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။

“လက်နက်တွေနဲ့ ထွက်ပြေးတဲ့သူတွေရဲ့ နောက်ဆက်တွဲသတင်းတော့မကြားမိသေးဘူး။ ကျနော်တို့ ဆီလည်း ဆက်သွယ်လာတာမရှိသေးဘူး။ ဒီနေ့မနက်တော့ အဲဒီနေရာတဝိုက်ကို စစ်ကား ၅ စီးနဲ့ ပတ်နေတယ်လို့သတင်းရတယ်။ မနက်ကတည်းက ပတ်နေတာ။ လက်နက်တွေလည်းပါသွားတော့ လိုက် ရှာ နေတာဖြစ်မယ်၊ ကျိုက်ထိုနဲ့ သိမ်ဇရပ်ကနေရောက်လာတာ” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းမှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင် ထောင်ထားသော ဆက်သွယ်ရေးတာဝါတိုင်စခန်းဖြစ်ပြီး ယင်းတာဝါတိုင် မဖျက်ဆီးခံရစေရန်အတွက် စစ်တပ်က တပ်သားများကို လာရောက်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article