ရန်ကုန်၊ ဒီဇင်ဘာ ၃၁
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ရာ လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်အချိန် တောင်သာမြို့နယ်၊ မြင်းခြံ – ညောင်ဦး လမ်း ဘေးရှိ ဆင်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းကို၏ နေအိမ်အားဝင်ရောက် စီးနင်းရာ ဝင်းကိုနှင့်ပျူစောထီးများ ထွက်ပြေးကြောင်း၊ ထို့ကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ရာ ပြောင်းချောသေနတ် ၂ လက် ၊ တူမီး သေနတ် ၁ လက်၊ ပွိုင့် 22 လက်လုပ် သေနတ် ၁ လက်၊ ပါရီ အမျိုးအစား သေနတ် ၁ လက် နှင့် ဆက်စပ်သော ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဆင်ဖြူရွာက ပျူရွာလို့တော့ နာမည်မပေါက်သေးဘူး ။ ပျူကတော့ရှိတယ်၊ တိတ်တိတ်ပုန်းပျူပေါ့။ အရင်ကတော့ စခတွေ လာတာမျိုးရှိတယ်။ အခုက မရှိဘူး။ ဝင်းကို အုပ်ချုပ်ရေးမှူးလည်း ဟုတ် တယ်။ ပျူခေါင်းဆောင်လည်းဖြစ်တယ်။ သူနဲ့ဆိုရင် အားလုံး ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ ဝင်စီးတဲ့အချိန်မှာ နည်းနည်းလောက်အပြန်အလှန် ပစ်ခတ်မှု တော့ဖြစ်ခဲ့တယ်။ သူတို့အကုန်ထွက် ပြေးသွားလို့ အိမ်ထဲဝင်ပြီး လက်နက်တွေ သိမ်းဆည်းလာခဲ့တာ” ဟု တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ စစ်ဆင်ရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- TTA PDF ၊ Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ နှင့် ညောင်ခရိုင်အမှတ် ၅ တပ်ရင်း တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေး စစ်ရှိန်မြှင့်ကာ နေရာတိုင်းတွင် စစ်ဆင်ရေးဖော်ဆောင်သွားမည်ဖြစ်သော ပြည်သူ များ အနေဖြင့် အကြမ်းဖက်စစ်သားများ၊ စစ်ကောင်စီ ထောက်တိုင်လက်ပါးစေများနှင့် ဝေးဝေးရှောင် နေကြရန်၊ မလိုအပ်ပဲ ခရီးသွားကြရန်၊ အိမ်စီးကားများ ကားမှန်ချမောင်းနှင်ပေးကြရန်နှင့် တော်လှန် ရေးကို မဆိုင်သလိုမနေကြဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar