By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်အာဏာရှင်စနစ် ချေမှုန်းသုတ်သင်ရေးဟာ မဟာမိတ် တပ်ပေါင်းစု တည်ဆောက်ရေး မဟာဗျူဟာ နဲ့ တော်လှန်ရေး အင်အားစုတွေ ညီညွတ် ခိုင်မာအားကောင်းမှုအပေါ် မူတည်သလို ၊ လက်ရှိ နွေဦး တော်လှန်ရေးဟာ အောင်မြင်မှုတွေနဲ့အတူ အဆင့်ဆင့် ထပ်မံကူးပြောင်း တက်လှမ်းနေတဲ့ ဖြစ်စဉ်ထဲကို ရောက်နေပြီဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောလိုက်ပါတယ်။
- ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းမှာ လုပ်မယ့် နှစ်သစ်ကူး New Year Countdown ပွဲမှာ ခိုက်ရန်ဖြစ်ပွားသူ လူငယ်တွေ ၊ မူးယစ်ရမ်းကားသူ လူငယ်တွေနဲ့ အခြေမဲ့ အနေမဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် ပေါ်တာဆွဲ စုဆောင်းဖမ်းဆီးဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီရဲ့ ထွေအုပ် သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အိမ်စီးကား တစ်စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သား တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လမ်းကနေ အသင့်စောင့်ပြီး ကြားဖြတ် တိုက်ခိုက်ခြေမှုန်းရာ မှာ ကားပါလမ်းဘေးထိုးကျသွားပြီး ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သားတွေအကုန်လုံး ပွဲချင်းပြီးတွေကို သေကုန်ကြတဲ့အပြင် ၊ သူတို့ဆီက သေနတ် ၄ လက်ကိုပါ တော်လှန်ရေးရဲဘော်တွေက သိမ်းဆည်း နိုင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar