ရန်ကုန်၊ ဇန်နဝါရီ ၁
အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အကျဉ်းသားနှင့်အကျဉ်းသူ ၁၆၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ပြီး အခြားအကျဉ်းသား၊ အကျဉ်းသူများကို ထောင်ဒဏ် ၃ ပုံ၊ ၁ ပုံ လျှော့ပေါ့ပေးလိုက်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ အမိန့် ထုတ်ပြန်သည်။
NUG က ပထမဆုံးအကြိမ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ထုတ်ပြန်ခြင်းဖြစ်ပြီး ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း အမိန့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လွတ်ငြိမ်းသက်သာခွင့်တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံကို လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ – NUG ၊ လက်အောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar