30 C
Yangon

မန္တလေးမြို့ ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သော မိုးအောင်နှင့် ကျော်စိုးလွင် သည် KAUNG KIN PDF တပ်ဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း တပ်ဖွဲ့ တာဝန်ရှိသူ ပြောဆို

Must read

မန္တလေးမြို့ ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သော မိုးအောင်နှင့် ကျော်စိုးလွင် သည် KAUNG KIN PDF တပ်ဖွဲ့နှင့် ပတ်သက်မှုမရှိကြောင်း တပ်ဖွဲ့ တာဝန်ရှိသူ ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးမြို့တွင်းရှိ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်း တို့ကို ဓားပြတိုက်မှုဖြင့် ဖမ်းဆီးခံထားရသော မိုးအောင်နှင့် ကျော်စိုးလွင် သည် KAUNG KIN PDF တပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း တပ်ဖွဲ့ တာဝန်ခံ ကောင်းကင်ကြီး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နြေ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ကဥ္ဖနမဟီ ရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်း အကြားရှိ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်ရှိ “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့ ဓားပြတိုက်ခံရပြီး ဓားပြမှုတွင် PDF တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း စစ်တပ်လော်ဘီများက လိမ်လည် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တကယ်တမ်းတော့ သူတို့နှစ်ယောက်လုံး ဆပ်ပြာကျင်းရွာသားတွေလည်း မဟုတ်ဘူး။ နောက်တစ်ချက်က သူတို့ပြောတဲ့ PDF တပ်ဖွဲ့ ဒုခေါင်းဆောင်တွေ ဘာတွေလည်းမဟုတ်ဘူး။ ပြာတာ (ခ) ကျော်စိုးလွင် ဆိုတာက ကျနော်တို့ ဆပ်ပြာကျင်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရွာတစ်ရွာမှာနေတာ မိုးအောင်ဆိုတာက ဖောင်းပြင်ကနေ ဒီမှာလာပြီး အိမ်ထောင်ကျတဲ့သူ သူတို့ရွာကနေ ပျောက်သွားတာ တစ်လနီးပါးလောက်ရှိ သွားပြီ သူတို့ဘာလုပ်နေတယ်ဆိုတာ မသိရဘူး။ ဒီနေ့မှ ခွေးချန်နယ်တွေကနေ တက်လာမှ ဒီလိုကြီးပါ လားဆိုပြီး အံ့ဩသွားတာ ဒါကြီးမဖြစ်သင့်ဘူး၊ ငါတို့ကျေးရွာအတွက်လည်း အန္တရာယ် ရှိလာနိုင်တယ်။ ရွာလည်း နာမည်ပျက်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကြားထဲမှာလည်း မျက်နှာငယ်ရတော့ ဖြေရှင်းချက်ထုတ်မှရမယ်ဆိုပြီး ထုတ်ပြန်လိုက်တာပါ” ဟု KAUNG KIN PDF တပ်ဖွဲ့တာဝန်ခံ ကောင်းကင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓားပြတိုက်မှုဖြင့် ဖမ်းဆီးခံရသော မိုးအောင်(ခ)အောင်မိုး၊ ကျော်စိုးလွင် (ခ) ကျော်ကြီး (ခ) ပြာတာ တို့သည် ဆပ်ပြာကျင်းရွာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိဘဲ လွန်ခဲ့သော ၁ လခန့်ကတည်း ကိုယ်ရေး ကိုယ် တာကိစ္စဖြင့် ခရီးသွားခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီထံ ထွက်ဆိုချက်များတွင် ဖော်ပြထားသည့် ဆပ်ပြာကျင်းကျေးရွာ၏ ဒုခေါင်းဆောင်ဆိုသည်မှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ဖမ်းဆီးခံရသူ မိုးအောင်နှင့် ပြာတာတို့၏ လုပ်ဆောင်ချက်များ အမှန်တကယ်မသိရှိကြောင်း ဆပ်ပြာကျင်းရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- KAUNG KIN PDF တပ်ဖွဲ့က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article