By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားအလုပ်သမား ၁၂၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က နေရပ်ပြန်နိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
- မန္တလေးမြို့တွင်း “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နဲ့ “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့ကို ဓားပြတိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မိုးအောင်နဲ့ ကျော်စိုးလွင်တို့ဟာ ကောင်းကင် PDF တပ်ဖွဲ့နဲ့ လုံးဝသက်ဆိုင်ခြင်း မရှိဘူးလို့ တပ်ဖွဲ့ တာဝန်ခံ ကောင်းကင်ကြီးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးတွေ အဆက်မပြတ်ကျဲချတဲ့အတွက် ဘုရားနဲ့ ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar