32 C
Yangon

ပခုက္ကူမြို့နယ်၊ စဘေရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၄၄ လုံးပြာကျ၊ မြို့ပေါ် အဝင်အထွက်များကိုလည်း စစ်တပ်က တင်းကျပ်လိုက်ပြီး ပြည်သူများကို မြို့ပြင် ထွက်ခွင့်မပြုတော့

Must read

ပခုက္ကူမြို့နယ်၊ စဘေရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၄၄ လုံးပြာကျ၊ မြို့ပေါ် အဝင်အထွက်များကိုလည်း စစ်တပ်က တင်းကျပ်လိုက်ပြီး ပြည်သူများကို မြို့ပြင် ထွက်ခွင့်မပြုတော့

ရန်ကုန်၊ ဇန်နဝါရီ ၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စဘေရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၁၄၄ လုံးပြာကျပြီး မြို့ပေါ် အဝင်အထွက်များကိုလည်း စစ်တပ်က တင်းကျပ်လိုက်ကာ ပြည်သူများကို မြို့ပြင် ထွက်ခွင့်မပြုတော့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ကစတင်ပြီး ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ စဘေရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၄၄ လုံးပြာကျခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်သာပျူစောထီးရွာကို ပြန်လည် ဆုတ်ခွာသွားပြီးနောက် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေမြို့နှင့် ကမ္မမြို့ အစပ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းများ ဖြတ်သန်းသွားလာနိုင်ရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြစ်ခြေမြို့ အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၅ ဦး သေဆုံးကာ ပြည်သူ ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားသော်လည်း ပြည်သူများ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပခုက္ကူမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က မြို့အဝင်အထွက်များကို တင်းကျပ်ထားပြီး ပြည်သူများကို မြို့ပြင်ထွက်ခွင့်မပေးတော့ကြောင်း၊ စစ်တပ်ထံ ငွေကြေးပေးသူ တချို့သာ ထွက်ခွင့်ပေးတော့ကြောင်း သိရသည်။

“မြစ်ခြေ ခွေးစစ်ကြောင်းက လက်ရှိ ပျူရွာဖြစ်တဲ့ အောင်သာရွာ ပြန်ဆုတ်နေပြီး စဘေကျေးရွာမှာ စစ်ခွေးတွေ မီးရှို့လို့ အိမ်ခြေပေါင်း ၁၄၄ လုံး မီးလောင်ပြာကျသွားတယ်။ နောက်ပြီး စစ်တပ်က ပခုက္ကူမြို့တွင်းကို အ၀င်ပဲ လက်ခံတော့တယ်။ မြို့ပြင်လုံး၀ ထွက်ခွင့်မပေးတော့ဘူး။ ငွေပေးတဲ့ သူတချို့ပဲ ထွက်ခွင့်ပေးတော့တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article