24 C
Yangon

တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာကို စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် တတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅၈ နှစ် အရွယ် ဒေါ်မြင့်သန်း သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရ

Must read

တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာကို စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် တတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅၈ နှစ် အရွယ် ဒေါ်မြင့်သန်း သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီး ၃ စီးဖြင့် တတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ အသက် ၅၈ နှစ် အရွယ် ဒေါ်မြင့်သန်း သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် မိတ္ထီလာဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ရွှေစည်ကြီးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ရွှေစည်ကြီးကျေးရွာမှ နေအိမ်များပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးကာ အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်သန်း ပွဲချင်းပြီး သေဆုံးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရရှိကာ နွား ၂ ကောင် သေဆုံးပြီး ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ဗုံးသီးကျတဲ့ နေအိမ်ပါ ပျက်ဆီးသွားတယ်။ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စက်တပ်လေထီးများသည် အသံ ပြင်းထန် ကျယ်လောင်စွာ ကြားရသည့် ပစ္စည်းကိရိယာ ဖြစ်ပြီး ပြည်သူများအနေဖြင့်ကြိုတင်ရှောင်နိုင်သည့် အချိန်အကန့်အသတ်ရှိသည့်အတွက် အထူးဂရုစိုက် နေထိုင်ကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက တိုက်တွန်းထားသည်

အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်နှင့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးနှင့် ဇရပ်ကြီးရွာတို့ကို စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article